Privacy Policy

နောက်ဆုံးမွမ်းမံသည့်နေ့စွဲ: 6th October 2020

Dai-ichi Life Insurance Myanmar Ltd. (htpp://www.dai-ichi-life.com.mm) ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အသုံးပြုခြင်း၊ ထားရှိခြင်း၊ ဖွင့်ဟဖော်ထုတ်ခြင်းတို့နှင့် ပတ်သက်၍ ကျွန်ုပ်တို့ ကုမ္ပဏီက လက်ခံ ကျင့်သုံးသည့် ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံရေး အခြေခံမူဝါဒများ၏ ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

ကျွန်ုပ်တို့ (သို့မဟုတ်) ကျွန်ုပ်တို့ ကိုယ်စား လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုပေးသူသည် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ အား ကျွန်ုပ်တို့၏ Website အား အဆင့်မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သော ဆောင်ရွက်ချက်များ အတွက်လုပ်ဆောင်ရာတွင်အသုံးပြုပါသည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့၏ Website သို့ ဝင်ရောက်အသုံးပြုသည့် အပေါ်တွင် အောက်ပါချမှတ်ထား သည့် သတင်းအချက်အလက်များကို သဘောတူလက်ခံမှုရှိပြီး ဖြစ်ပါသည်။

Information Collection and Use

Dai-ichi Life Insurance Myanmar ၏ Website မှ ကျွန်ုပ်တို့စုဆောင်းရရှိထားသောသတင်းအချက်အလက်များကိုအောက်ပါအတိုင်းနည်းလမ်းအမျိုးမျိုးဖြင့်အသုံးပြုပါသည်။

Log Data

Dai-ichi Life Insurance Myanmar သည် မှတ်တမ်းဖိုင်များ(Log Files)ကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် သတ်မှတ်ချက် စံလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ပါသည်။ မှတ်တမ်းဖိုင်များမှကောက်ယူထားသောအချက်အလက်များတွင် Internet Protocol (IP) လိပ်စာများ၊ Browser အမျိုးအစား၊ အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP)၊ နေ့စွဲနှင့်အချိန်၊ ရည်ညွှန်း / ထွက်ခွာစာမျက်နှာများနှင့်ကလစ်နှိပ်ခြင်းအရေအတွက်များပါဝင်သည်။၎င်းတို့သည်ပုဂ္ဂိုလ်ရေးအရခွဲခြားသတ်မှတ်နိုင်သောမည်သည့်သတင်းအချက်အလက်နှင့်မှဆက်စပ်မှုမရှိပါ။သတင်းအချက်အလက်များ၏ရည်ရွယ်ချက်မှာခေတ်ရေစီးကြောင်းကိုခွဲခြမ်းစိတ်ဖြာရန်၊ Website ကိုစီမံခန့်ခွဲရန်၊ Website ရှိသုံးစွဲသူများ၏လှုပ်ရှားမှုကိုခြေရာခံရန်၊ ခွဲခြမ်းစိတ်ဖြာရန် နှင့်လူဦးရေဆိုင်ရာအချက်အလက်များကိုစုဆောင်းရန်အသုံးပြုသည့် နည်းပညာဆောင်ရွက်ချက်များ (ဥပမာ အားဖြင့် Google Analytics စသည့်ဖြင့်) တွင် အသုံးပြုမည်ဖြစ်ပါသည်။

Cookies

အမည်မဖော်နိုင်သော ထူးခြားသည့် အချက်အလက်များပါရှိသည့် အနည်းငယ်သော သတင်းအချက်အလက်တို့ပါဝင်သော စာသားဖိုင်ကို ကွတ်ကီး (Cookies)ဟုခေါ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ လူကြီးမင်း၏ (Browser)သို့ သတင်းအချက်အလက် ပေးပို့နိုင်ပြီး ယင်းကို လူကြီးမင်း၏ ကွန်ပြူတာအတွင်း သိမ်းဆည်းထားရှိသည့် လုပ်ဆောင်ချက်များအား ကွတ်ကီး (Cookies) မှတစ်ဆင့်လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့ သည် ကွတ်ကီး (Cookies) များအား

လူကြီးမင်း၏ သုံးစွဲသူအဖြစ်တွေ့ကြုံခံစားမှုများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရန် နှင့် ကျွန်ုပ်တို့၏ Websiteသို့ လူကြီးမင်း ထပ်မံပြန်လည်လာရောက်ကြည့်ရှု့သည့်အခါ လူကြီးမင်း၏ စိတ်ပါဝင်စားမှုနှင့်ကိုက်ညီသည့် အွန်လိုင်းကြော်ငြာများအားလူကြီးမင်းကို ပြသပေးနိုင်ရန် လူကြီးမင်း၏ သုံစွဲမှုပုံစံဆိုင်ရာနှင့် စိတ်ဝင်စားမှုရှိသည့် သတင်းအချက်အလက်များအား ကျွန်ုပ်တို့၏ Website များကို လူကြီးမင်း လာရောက်/ဝင်ရောက်ကြည့်ရှု့သည့်အခါတွင်  ကောက်ယူ စုဆောင်းပါသည်။

ကွတ်ကီး(cookies)တစ်ခုကို လက်မခံမီ ၎င်းကို လက်ခံသင့် မခံသင့် လူကြီးမင်းအနေဖြင့် စဉ်းစားဆုံးဖြတ်ရန် အခွင့်အရေးပေးသည့်အနေဖြင့် လူကြီးမင်းအား အချက်ပြအသိပေးရန် လူကြီးမင်း၏ Browser ကို စီစဉ်ပြုလုပ်ဆောင်ရွက်ထားနိုင်ပါသည်။ ကွတ်ကီး (Cookies) များကို ပိတ်ထားရန် လူကြီးမင်း၏ Browser ကို စီစဉ်ပြုလုပ်ထားနိုင်ပါသည်၊ သို့ရာတွင် အကယ်၍ လူကြီးမင်းထိုသို့ဆောင်ရွက်လျှင် ကျွန်ုပ်တို့၏ အချို့သော ဝက်ဘ်ဆိုက်များ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်ခြင်းမရှိနိုင်ပါ။

Security

လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၏လုံခြုံမှုသည်ကျွန်ုပ်တို့အတွက်အရေးကြီးသော်လည်း၊ အင်တာနက်ပေါ်မှထုတ်လွှင့်သည့်နည်းလမ်း (သို့) အီလက်ထရောနစ်သိုလှောင်မှုနည်းလမ်းသည် ၁၀၀% လုံခြုံမှုမရှိကြောင်းသတိရပါ။ ကျွန်ုပ်တို့ သည် လူကြီးမင်း ၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကာကွယ်ရန် အလို့ဌာ လက်ခံနိုင်သောနည်းလမ်းများအသုံးပြုကာ ကြိုးပမ်းထားရှိ သော်လည်းသတင်းအချက်အလက်များ၏ လုံခြုံမှုကို အာမခံပေးနိုင်ခြင်းမရှိပါ။

Changes to this Privacy Policy

ဖော်ပြပါ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များ သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ မှစတင် အကျုံးဝင်သည်ဖြစ်ပြီး ယခုစာမျက်နှာမှ နောက်ထပ် အသစ်ထပ်မံ ပြုပြင်ပြောင်းလဲ ကြောင်း ဖော်ပြချက် မရှိသရွေ့အကျုံးဝင်နေမည်ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအပေါ်တွင် ချမှတ်ထားသည့် မူဝါဒ ကို အချိန်မရွေး အသစ်ပြောင်းလဲခြင်း (သို့မဟုတ်) ထပ်မံဖြည့်စွက်ခြင်းများပေါ်တွင် လုပ်ပိုင်ခွင့်ရှိသည်ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအား အခါအားလျော်စွာ စစ်ဆေးရန် အကြံပြုပါသည်။

ဤစာမျက်နှာရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအား မည်သည့်ပြုပြင်ပြောင်းလဲမှုများကိုမဆိုကျွန်ုပ်တို့တင်ပြီးသည့်နောက်တွင် လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်သို့ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်ခဲ့ပါက လူကြီးမင်းအနေဖြင့် အဆိုပါ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များ ပြုပြင်ပြောင်းလဲမှု အပေါ်တွင် အသိအမှတ်ပြုခြင်းနှင့် လိုက်နာရန် သဘောတူလက်ခံမှုရှိသည်ဖြစ်သည်။