ကျွန်ုပ်တို့အကြောင်း

語る(KATARU); လေးနက်၍ မိမိယုံကြည်သည့် အချက်ကို သေချာ နက်ရှိုင်းစွာဆွေးနွေးပြောဆိုခြင်း ဟု အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး စီးပွားရေးလုပ်ဆောင်ချက်များတွင် အသုံးပြုသည့် ဂျပန်ဝေါဟာရတစ်ခုဖြစ်သည်။

Dai-ichi Life Insurance Myanmar သည် ဂျပန်နိုင်ငံ မှ နှစ်ပေါင်း ၁၁၈ နှစ် ကျော်သက်တမ်းရှိ ထိပ်တန်း အသက်အာမခံကုမ္ပဏီ Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါသည်။ Dai-ichi Life Group သည် ဂျပန်၊ အမေရိကန်၊ သြစတေးလျ၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ယခုအခါ မြန်မာနိုင်ငံရှိ Customer များနှင့် ၎င်းတို့၏ မိသားစုများကို အနာဂတ်ဘဏ္ဍာရေး ကာကွယ်စောင့်ရှောက်မှု နှင့် အသက်အာမခံ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

စတင်တည်ထောင်ချိန် ၁၉၀၂ ခုနှစ်မှစ၍ “People First” ဟူသည့် ခံယူချက် ၏ လမ်းညွှန်မှု ဖြင့် ကျွန်ုပ်တို့၏ Customerများ၊ ရှယ်ယာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဝန်ထမ်းများ နှင့် ကျွန်ုပ်တို့ လုပ်ငန်းလုပ်ကိုင်နေသည့် လူ့အဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးရန် အလေးပေးတန်ဖိုးထားလုပ်ဆောင်လျက်ရှိ ပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့ခေါင်းဆောင်များ

အတွေ့အကြုံကောင်းတွေအတွက် သင်အဆင်သင့် ဖြစ်ပြီလား

Dai-ichi Life Insurance Myanmar သည် "People First" ဆိုသည့်ခံယူချက် လမ်းညွှန်မှု နှင့်အညီ အများပြည်သူများ ၏ အကျိုးကို အမြဲတမ်း ဦးစားပေး လုပ်ဆောင်ပါသည်။ အကယ်၍သင်၏ ခံယူချက်သည်လည်း ကျွန်ုပ်တို့နှင့် ထပ်တူကျပါက ကျွန်ုပ်တို့နှင့် ဒီနေ့မှာပဲ လာရောက်လုပ်ကိုင်လိုက်ပါ။